Tuesday, November 5, 2013

မြန်မာနိုင်ငံဟာ ခိုင်းဘက်နိုင်ငံလော?



မြန်မာဟာ တစ်သီးတခြားတည်း တံခါးပိတ်နေခဲ့တာ နှစ်ပေါင်း ၄၀ ကျော်ပေါ့။အဲဒီအချိန်မှာ နိုင်ငံအတွင်းမှာ အရင်းရှင်စနစ် ဖြင့်ကျင်လည်ခဲ့ကြရတယ်။တံခါးပိတ်ဝါဒ ကျင့်သုံးပြီး ကမ္ဘာ့အလည်မှာ သီးခြားခွဲထွက်နေခဲ့ကြတယ်။
ပြောရရင် နွားခြေရာကွက်ထဲက ဖားသူငယ်လိုပဲ။လွတ်လပ်ရေးရပြီးကာစ စင်င်္ကာပူဟာ မြန်မာကို ၁၀နှစ်နဲ့ အမီလိုက်မယ်လို့ ပြောခဲ့တာ မှတ်မီသေးတယ်။ခုချိန် စင်္ကာပူကို ကမ္ဘာ့ စီးပွားရေး အဖြစ်ထွန်းဆုံး Commercial Source
အဖြစ်သတ်မှတ်လိုက်ပြီ။စင်္ကာပူမှာ ဘာအရင်းမြစ်တွေရှိလို့လဲ? ရေဆိုလဲ ၀ယ်သုံးရတယ်။မြေဆိုလည်း ၀ယ်ရတယ်။မြို့ဟာ တစ်နေ့လည်လိုက်တာနဲ့ အပြီးလည်လို့ရတယ် ရန်ကုန်တစ်မြို့စားတောင် မရှိဘူး။ဒါဆို စင်္ကာပူဟာ ဘာကြောင့်
စီးပွားရေး အချက်ချာကျနေရတာလဲ။ဒီချိန်မှာ စင်င်္ကာပူကို စစ်ဖြစ်ပြီးသိမ်းရင်တောင် သိမ်းဖို့ မဖြစ်နိုင်ဘူး။အခြားနိုင်ငံတွေပါ ဂယက်ရိုက်သွားနိုင်တယ်။နိုင်ငံတော်တော်များရဲ့ ရင်းနှီးမြုပ်နှံမှုတွေဟာ စင်္ကာပူမှာ အများဆုံးရှိပါတယ်။
စင်င်္ကာပူမှာ အရင်းမြစ်တစ်ခုပဲရှိတယ်။အဲဒါ လူစွမ်းအား အရင်းမြစ်ပဲ။လူစွမ်းအား အရင်းမြစ်ပေါ်တဲ့နိုင်ငံဟာ ကမ္ဘာမှာရှေ့တန်းကပြေးနေတာ အတွေ့ပဲလေ။လူစွမ်းအား အရင်းမြစ်ကို ကောင်းကောင်း အသုံးချတတ်တယ်လေ။
မြန်မာမှာ သယံဇာတ အရင်းမြစ်တော့ ပေါတယ်။ဒါပေမယ့် လူစွမ်းအား အရင်းမြစ်ကတော့
အလွန်နည်းပါးတယ်။သဘာဝ သယံဇာတဆိုတာ တစ်ချိန်ချိန်ကျရင်းကုန်သွားမှာပဲလေ။လူစွမ်းအားအရင်းမြစ်ကတော့ ကုန်တယ်မရှိဘူး။လက်ဆင့်ကမ်းရင် ပွားရင်းနဲ့ တည်မြဲနေပါမည်။ဒါကစင်ကာပူ အကြောင်းကိုပြောတာပါ။

တရုတ်ကတော့ ပြောမနေတော့ပါဘူး မြန်မာကို ငယ်နိုင်ပေါ့ဗျာ။ရတာ အကုန်ယူတယ်။အထင်ရှာဆုံးကတော့ မြစ်ဆုံစီမံကိန်းပေါ့။သူတို့နိုင်ငံမှာ မြစ်သေတွေများနေပြီ ဆိုတော့ လျှပ်စစ်ရဖို့ ကြံဆရတော့တယ်။တရုတ်က
မြန်မာက ဧရာဝတီမြစ်ကိုရမယ်လို အပိုင်တွက်ပြီး မြစ်ဆုံစီမံကိန်းကို စတင်တယ်လေ။မြန်မာနိုင်ငံက ပြည်သူတွေကလည်း ဧရာဝတီမြစ်ကို ဘယ်ပေးသုံးမလဲဗျ။ ဧရာဝတီဆိုတာ ရာဇ၀င်ထဲက သတို့သမီးလို့တောင် တင်စားထားကြတယ်။
ဧရာဝတီမြစ်ကမ်းပါးပေါ်တွေမှာ မြန်မာတို့ရဲ့ အဖိုးမဖြတ်နိုင်တဲ့ ဘိုးဘွားတို့ရဲ့ မြို့ရိုးတွေ ယဉ်ကျေးမှု အမွေနှစ်တွေတည်ရှိပါတယ်။ဧရာဝတီမြစ်ကို မှီခိုပြီး အသက်ရှင်နေကြတဲ့ ပြည်သူတွေ တစ်ပုံကြီးပါ။ဒါကိုသာ တရုတ်ကို ပေးသုံးလိုက်ရင်
သဘာဝဘေး အန္တရာယ်တွေ ဖြစ်ခြင်း ၊ဧရာဝတီမြစ် ပျက်သုဉ်ခြင်း တို့ကို ဖြစ်မှာ သေချာပါသည်။သူတို့နိုင်ငံမှာ မြစ်တွေက လျှပ်စစ်ထုတ်ခဲ့ကျတယ်၊ကြာတော့ ဘာဖြစ်လည်း ပတ်ဝန်းကျင် ညစ်ညမ်းပြီး ပြည်သူ လူထုပဲ ဒုက္ခ ရောက်ရတာပဲ။
ခုတောင် မီးခို မြူတွေ တရုတ်မှာ ဖုံးလွှမ်းနေတာ ဘာမှလုပ်လို့မရဘူးမလား။စက်ရုံတွေတောင် ပိတ်ဖို့ အနီရောင် အဆင့် သတ်မှတ်ထားတယ်။သူတို့ နိုင်ငံမှာ လုပ်လို့မရတာတွေကို ကိုယ့်နိုင်ငံမှာ လုပ်ချင်သလို လုပ်ခွင့်ပေးလိုက်ရင် ကိုယ့်နိုင်ငံ
လည်းမကြာဘူး ဘေးဆိုးတွေ့မှာ သေချာပါသည်။မြစ်ဆုံစီမံကိန်း မအောင်တော့ တရုတ်က ဘာလုပ်သလဲဆိုရင် မြန်မာနိုင်ငံရဲ့ ကျောက်စိမ်း တင်ပို့မှု အခွန်ကို ၃.၃ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်း ထိ တိုးကောက်လိုက်တယ်လေ။မြန်မာ မှာက
သဘာဝ သယံဇာတကိုမှီခိုပြီး နေရတာဆိုတော့ အခက်တွေ့ရတာပေါ့ဗျာ။နောက်ပြီး တရုတ်က မြန်မာကို ငွေချေးထားသလို အာဖရိက နိုင်ငံအချို့ကိုလည်း ငွေတွေ ချေးထားတယ်။ငွေမရရင် တရုတ်က သူတို့နိုင်ငံက လုပ်ကွက်တွေ တောင်းလေ့ရှိတယ်။
ပြောရရင် မရရတာယူတယ်ပေါ့။ဒီတော့ အာဖရိကမှာရှိတဲ့ အကြွေးဆပ်ရမယ့် နိုင်ငံက တရုတ်ကို သဘာဝဓါတ်ငွေ့ အစားပေးရတော့တာပဲ သူတို့ပေးတာက ရေအောက်ပိုက်လိုင်းအဖြစ် အာတ္တလမ်တိတ် ပင်လယ်ကို တစ်ကွေ့တစ်ပတ်ကြီးပတ်ပြီးသွားနေရတယ်။
ဒါကို တရုတ်က လမ်းကြောင်းတိုခြင်းတော့ အလွယ်ဆုံးဖြတ်လို့ရမယ်နိုင်ငံကို ရှာလိုက်တော့ ငယ်နိုင် မြန်မာကို သွားတွေ့တယ်လေ။အဲဒါနဲ့ ကျောက်ဖြူမှာ  သဘာဝ ဓါတ်ငွေ့ပိုက်လိုင်း ဖြတ်ကျော်ခြင်းဆိုတာ ဖြစ်လာခဲ့တယ်။တရုတ်ကို မြန်မာကလည်း ဆပ်စရာ အကြွေးတွေကို
သဘာဝဓါတ်ငွေ့ထုတ်ရောင်း ပြီးဆပ်နေရတာပဲလေ။ကိုယ့်တိုင်းပြည်က ထွက်တဲ့ သယံဇာတဟာ ပြည်တွင်းမှာတောင်မလောက်ပါဘူးဗျာ။ဒါတွေထုတ်ရောင်းတာလည်းရောင်းတာပေါ့ တစ်ချိန်ချိန်တော့ ကုန်လိမ့်မယ်။အမှန်ကန်လိုအပ်နေတာကို အမြန်ဖြည့်ဆည်းဖို့
လိုအပ်ပါတယ်။"လူစွမ်းအား အရင်းမြစ်"များလာဖို့ အမှန်တကယ်လိုအပ်နေပါတယ်။တရုတ်ဆိုတာ မြန်မာ အတွက်တော့ မြွေပွေး ခါးပိုက်ပိုက် ပါပဲ။တရုတ်က အရမ်းလက်မြင်တဲ့ဗျ။သူနိုင်ငံကထုတ်ကုန်တွေကို ကမ္ဘာအနှံ့ဖြန့်ချင် ဖြန့်မယ်။သူနိုင်ငံထဲမှာ ရင်းနှီးမြုပ်နှံမယ်ဆိုရင် သိပ်
လက်ခံလေ့ မရှိဘူး။ဥပမာ တရုတ်-ဂျပန် ကျွန်းစု ပြဿာနာပဲ ကြည့်လေ။ကျွန်းစုကို အကြောင်းပြပြီး တရုတ်က သူနိုင်ငံထဲမှာ ရှိတဲ့ ဂျပန်ထုတ် ကားတွေကို မသုံးဖို့ ဆန္ဒပြ ကားတွေကို ဖျက်ဆီ မီးရှို့ခဲ့တာ အတွေ့ပဲလေ။အဲဒါဟာ သူနိုင်ငံထဲမှာ ဂျပန်ရဲ့ ရင်းနှီးမြုပ်နှံမှုကို မလိုလား
ကြောင်း ပြသ လိုက်တာပဲလေ။တရုတ်ဟာ လူမျိုးရေး အစွဲရှိပါတယ်။ဒီကိစ္စကို တရုတ်အစိုးက လစ်လျုရှုထားတာ ဟာလူမျိုးရေးဝါဒကြောင့်ပါ။ပြောရရင် ခလေးတွေ ရန်ဖြစ်တာကို လူကြီးတွေ ၀င်ပါသလိုပေါ့။တရုတ်အစိုးကိုယ်တိုင်း ၀င်ပါနေပါတယ်။ဒါကြောင့်လည်း ဂျပန်က
တရုတ်ဖက်ကနေ မြန်မာဖက်ကို ရင်းနှီးမြုပ်နှံဖို့ဆိုပြီး သီလ၀ါ အထူးစီးပွားဇုန် ဖန်တီလာပါတယ်။ဒါဟာ ဂျပန်ရဲ့ ၂၁ ရာစုမှာ အကြီးမာဆုံး ရင်းနှီးမြှပ်နှံမှုတစ်ခုပါပဲ။

မြန်မာနိုင်ငံဟာ ခုချိန်မှာ ရင်းနှီးမြှပ်နှံဖို့ အရမ်း စိတ်ဝင်စားဖွယ် အကောင်းဆုံးနဲ့ နယ်မြေတစ်ခုပါပဲဗျာ။အခိုင်းခံနိုင်ငံတစ်ခုကနေ ခိုင်းစေသူ နိုင်ငံအဖြစ် အမြန်ရောက်အောင် ကြိုးစားရပေမည်။

ဖတ်ထားသမျှ ဗဟုသုတတွေကို ပြန်လည်ဝေမျှသည်။အမှားပါရင် သည်းခံပေးပါခင်ဗျာ။

https://www.facebook.com/KnowledgeOfManagement

Monday, November 4, 2013

၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ၌ စတော့အိတ်ချိန်းဈေးကွက် စတင်နိုင်ရန် ဂျပန်ကုမ္ပဏီ Daiwa ပြင်ဆင်



၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ၌ စတော့အိတ်ချိန်းဈေးကွက် စတင်အသုံးပြုနိုင်ရန် ဂျပန်ကုမ္ပဏီဖြစ်သည့် Daiwa Institute of Research ကုမ္ပဏီက ပြင်ဆင်နေပြီး မိုဘိုင်းဖုန်းများ၌ပင် စတော့ရှယ်ယာ အရောင်းအ၀ယ် ပြုလုပ်နိုင်ရန် ဆောင်ရွက်သွားမည်ဟု Daiwa Institute of Research ကုမ္ပဏီမှ စီနီယာ မန်နေဂျင်းဒါရိုက်တာဖြစ်သူ Mr.Masahiro Ushiyama က ပြောပြသည်။

Daiwa Institute of Research ကုမ္ပဏီက မြန်မာနိုင်ငံတွင် ရုံးခန်းလာရောက် ဖွင့်လှစ်ထားပြီးဖြစ်ပြီး မြန်မာစတော့အိတ်ချိန်း ဈေးကွက်အတွက် လိုအပ်သည့် ဈေးကွက်ဆိုင်ရာ အချက်အလက်များ ကောက်ယူခြင်း၊ အများပိုင် ကုမ္ပဏီများနှင့် ချိတ်ဆက်ခြင်းနှင့် ဘဏ်များဖြင့် စတော့အိတ်ချိန်း ဈေးကွက်ဆိုင်ရာများကို ဆွေးနွေးမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း သတင်းရရှိပါသည်။

"မြန်မာနိုင်ငံမှာဆိုရင် အစိုးရပိုင် ကုမ္ပဏီတွေနဲ့ တစ်ဦးတည်းပိုင် ကုမ္ပဏီတွေက အများပိုင် ကုမ္ပဏီအဖြစ် ပြောင်းလဲဖွဲ့စည်း လာကြပါပြီ။ အဲဒီအတွက် စတော့အိတ်ချိန်း ဈေးကွက်ကို စတင်နိုင်ဖို့ ခြေလှမ်းစနိုင်ပြီလို့ ပြောလို့ရပါတယ်။ ကျွန်တော်တို့ကုမ္ပဏီ အနေနဲ့ ပြည်တွင်းက အများပိုင် ကုမ္ပဏီနဲ့ ဘဏ်လေးငါးခုလောက်ကို ချိတ်ဆက်ထားပြီးပါပြီ။ ဒီစနစ်ကို ၂၀၁၅ ခုနှစ်မှာ စတင်အသုံးပြုနိုင်အောင် ပြုလုပ်သွားမှာ ဖြစ်တဲ့အတွက် ၂၀၁၅ မတိုင်ခင်မှာ စတော့အိတ်ချိန်း စနစ်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံသားတွေ ရင်းနှီးလာအောင်၊ ဒီကရရှိလာမယ့် အကျိုးအမြတ်တွေကို သိရှိလာအောင် ဆောင်ရွက်သွားမှာပါ။ ၂၀၁၅ နောက်ပိုင်းမှာလဲ အများပိုင် ကုမ္ပဏီတွေ အများကြီး ထပ်ပေါ်လာနိုင်တဲ့အတွက် ဒီဈေးကွက်က ကျယ်ပြန့်လာမယ်လို့ ထင်ပါတယ်" ဟု Mr.Masahiro Ushiyama က ဆက်လက်ပြောကြားသည်။

Daiwa Institute of Research ကုမ္ပဏီ၏ ရုံးချုပ်ကို ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ဖွင့်လှစ်ထားပြီး နယူးယောက်၊ လန်ဒန်နှင့်ရှန်ဟိုင်း အပါအ၀င် ယခုအခါ ရန်ကုန်မြို့၌ပင် ရုံးခန်းလာရောက် ဖွင့်လှစ်ထားကြောင်း သိရသည်။

ဖိလစ်ပိုင်၊ ဟောင်ကောင်၊ ဗီယက်နမ်နှင့် အခြားအာရှ နိုင်ငံများ၏ စတော့အိတ်ချိန်းဈေးကွက် အကောင်အထည်ဖော် လုပ်ကိုင်ဆောင်ရွက် နေမှုများတွင် ပါဝင်လုပ်ကိုင် သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် စတော့အိတ်ချိန်းဈေးကွက် ပေါ်ပေါက်လာပါက စတော့အိတ်ချိန်း ဈေးကွက်အတွက် ချိတ်ဆက်ထားသည့် ဘဏ်များတွင် အကောင့်ဖွင့်ထားသူ မည်သူမဆို စတော့အရောင်းအ၀ယ် ဈေးကွက်တွင် ၀င်ရောက်ဆောင်ရွက် နိုင်မည်ဖြစ်ကြောင်း သိရသည်။

Stock Exchange ဈေးကွက်အကြောင်း ရှင်းပြနေစဉ် /From:Eleven


https://www.facebook.com/KnowledgeOfManagement

Sunday, November 3, 2013

လုပ်ငန်းရှင်ဖြစ်လာရန် နည်းလမ်း

The way to go own business 



1. Find a Product (or idea)

2. Buy One and Stuty it

3. Figure out how to improve it

4. Make a Prototype

5. Show the prototype to 100 people

6. Remake it

7. Find a co-founder

8. Split with your co-founder

9. Find a investor

10. Give her your percentage

11. Make the product

12. Sell your product13. Get more money14. Go to Stock

လုပ်ငန်းရှင်ဖြစ်လာရန် နည်းလမ်း

ဒါကတော့ နိုင်ငံတကာက ပြောတဲ့ Formal Step တွေပေါ့နော်။ မြန်မာပြည်နဲ့ကတော့ ဘယ်တူပါ့မလဲ။ သို့ပေ မယ့် လေ့လာလို့ရအောင် သူတို့ နည်းလမ်းလေးကို မျှဝေ ပေးလိုက် ရပါတယ်။

1. Find a Product (or idea)

ပထမဆုံး ကုန်ပစ္စည်းတစ်ခုကို ရှာဖွေရမယ်။ အိုင်ဒီယာဆိုလည်း အိုင်ဒီယာပေါ့။ အဲဒါက လူသိများကောင်း လူသိများလိမ့်မယ်။ သို့ပေမယ့် ပြီးပြည့်စုံလောက်အောင် မကောင်းသေးတဲ့ အရာတစ်ခု။

2. Buy One and Stuty it

အဲ့ ပစ္စည်းကို ဝယ်ရမယ်။ ပြီးတော့ အသေးစိတ် ကျကျ လေ့လာရမယ်။ အိုင်ဒီယာဆိုရင်လည်း ယင်း အိုင်ဒီယာကို အတွင်းကျကျ လေ့လာရမယ်။ လိုအပ်ရင် ထပ်မံ သင်ယူရအုံးမယ်။

3. Figure out how to improve it

အသေးစိတ်လည်းလေ့လာပြီးပြီ။ သင်ယူလေ့လာမှုလည်း ပြီးပြီ။ ဒါဆိုရင် နောက်တစ်ဆင့် တက်ရမှာက ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။

4. Make a Prototype

ဖွံ့ဖြိုးအောင်လည်းလုပ်ပြီးပြီဆိုရင် Sample တစ်ခု အရင်ထုတ်ရပါမယ်။ ကနဦး စံနမူနာပစ္စည်း တစ်ခု ဖန်တီး ယူရပါမယ်။

5. Show the prototype to 100 people

လူသိပ်အများကြီးကို ပြစရာမလိုသေးဘူး။ Selected people ပဲ။ ရွေးထားတဲ့ သူတွေက ကို စံနမူနာ၊ အိုင်ဒီယာကို ဖောက်စားမယ့်သူ မဟုတ်ဖို့တော့ လိုပါမယ်။

6. Remake it

စံနမူနာကို Selected people ကိုလည်း ပြသပြီးသွားပြီဆိုရင် နောက်တစ် ဆင့် တက်ရမှာက remake ပါ။ သူတို့ ပေးတဲ့ Feedback ကိုအခြေခံလို့ အကောင်းဆုံးပြန်လည်ဖန်တီးရပါမယ်။ End Customer အတွက် လိုချင်စိတ် ပေါက်ရလောက်တဲ့ အထိ ဖြစ်ပါတယ်။

7. Find a co-founder

ကိုယ့် ပရောဂျက်က အရမ်းကြီးတယ်ဆိုရင် တစ်ယောက်တည်းနဲ့ မရတော့ဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် အတူတွဲလုပ်မယ့် ပါတနာတော့ လိုပါမယ်။ co-fouder ပါ။ လက်တွဲလုပ်သူ တစ်ယောက်လည်း ခပ်ကောင်းကောင်း ပါတယ်ဆိုရင် အိုင်ဒီယာလည်း ပိုထွက်ပါတယ်။

8. Split with your co-founder

Co-founder နဲ့ ဆက်လုပ်တာပဲ ဖြစ်ဖြစ်၊ လမ်းခွဲတာပဲ ဖြစ်ဖြစ် ဒီ Level မှာ တိတိကျကျ အဖြေထွက်ဖို့ လိုပါတယ်။ တစ်ဖက်ကလည်း profit တစ်ခုရဖို့ ဖန်တီးကြိုးစားပေးတဲ့နေရာမှာ တစ်ခုမှ ပြန်မပေးနိုင်ရင် Split လုပ်ဖို့ ခက်ခဲပါတယ်။ ဒီတော့ ၅၀-၅၀ . ၅၀-၄၀ စွမ်းဆောင်ချက်၊ ရလဒ် အလျောက် သေချာ ခွဲတမ်းချပြီး ရှေ့ ဆက်ဖို့ လိုအပ်ပါတယ်။

9. Find a investor

ငွေထည့်မယ့် လုပ်ငန်းရှင်လိုအပ်ပါတယ်။ ယင်းလုပ်ငန်းရှင်ကို ကိုယ်ဖန်တီးထားတဲ့ Product ကို ချပြရပါမယ်။ Detail မလိုပါဘူး။ Investor အတွက် Profit and Process လောက်ပဲ focus လုပ်ပြီး Explain တာ ကောင်းပါတယ်။ Data Detail သွားရှင်းမိရင် Investor က Holder ဖြစ်သွားနိုင်ပါတယ်။

10. Give her your percentage

အိုင်ဒီယာမပါ ငွေရင်းသာစိုက်သူအတွက် ၁၀ ရာခိုင်နှုန်း လို့ ပုံသေတော့ သတ်မှတ်လို့ မရပါဘူး။ သို့ပေမယ့် ၁၀ ပုံပုံ ၃ ပုံထပ်ပိုပေးမိရင်တော့ ကိုယ့် Product က သူ့ Product ဖြစ်သွားနိုင်ပါတယ်။

11. Make the product

ငွေလည်းရှိပြီ။ Resource ရပြီ ဆိုရင် Product ထုတ်ဖို့ စနိုင်ပါပြီ။ ဒီအဆင့်မှ Product က ထုတ်လုပ်တာပါ။ လက်ထဲမှာ co founder နဲ့အတူဖန်တီးထားတဲ့ finalize product simple ပဲ ရှိပါသေးတယ်။

12. Sell your product

နေရာဒေသ အလိုက်ပေါ့။ ကိုယ့် ကုန်ပစ္စည်းကို Customer ဘယ်လောက်ဆီ ဘယ်လောက် ရောင်းနိုင်ရမယ်ဆိုတာ ကိုယ်တိုင် Target ထားရမှာပါ။

13. Get more money

ကုန်ပစ္စည်း ရောင်းချပြီဆိုရင်တော့ ငွေကတော့ ဝင်ပါပြီ။ ဝင်ငွေကို ခွဲတမ်းချပြီး Production အတွက် ထပ်မံ Invest လုပ်ရပါမယ်။

14. Go to Stock

စတော့ ရှယ်ယာဈေးကွက်သို့ ဝင်ရောက်ခြင်းပါ။ ဒါကလည်း မြန်မာပြည်မှာ မကြာမီ နှစ်အနည်းငယ် အတွင်း ဖြစ်လာတော့မယ် ဈေးကွက်ပါ။ စတော့ရှယ်ယာဈေးကွက်ကြောင့် ပုံမှန်လည်ပတ်နေတဲ့ Money Cycle အတွက် အဓိက Profit ရနိုင်တဲ့ source တစ်ခုလည်း ဖြစ်သွားနိုင်ပါတယ်။ ရှယ်ယာရောင်းမယ်။ ရှယ်ယာရှင် အသစ်တွေ ဝင်လာမယ်။ ရှိရင်းစွဲတွေ ထွက်မယ် အစရှိသဖြင့် လည်ပတ်နေတဲ့ စတော့ရှယ်ယာ ဈေးကွက် က ခေါင်းစားစရာနေရာတစ်ခုလည်း ဖြစ်လာမှာပါ။

ဒီတော့ စတော့ရှယ်ယာ ဈေးကွက်အကြောင်း ကို သေချာ လေ့လာ ထားဖို့လိုအပ်ပါနိုင်ပါတယ်။ နိုင်ငံတကာက စတော့ရှယ်ယာ အပြင် ပြည်တွင်းမှာ ဖြစ်ပေါ်လာနိုင်မယ့် ပုံစံကို ယခုကတည်းက ကြိုတင်လေ့လာထားဖို့ လိုအပ်ပါတယ်။ အနာဂတ်ဟာ မဝေးတော့ပါဘူး။ လူတိုင်း ကြိုးစားရင်၊ အိုင်ဒီယာကောင်း၊ Product ကောင်းရှိရင် လုပ်ငန်းရှင် ဖြစ်နိုင်ပါတယ်။ အထက်ပါ ဖော်ပြချက်များ က နိုင်ငံတကာ ကပြောတဲ့ အကြောင်းအရာပါ။ ပြည်တွင်းမှာ ဒါနဲ့ ထပ်တူကျဖို့ မသေချာ ပါဘူး။ Localization အတွက် Change လုပ်ရမယ့် Strategy တွေ အများကြီးပါ။ အားလုံး Business Idea ရဖို့ ရေးသား မျှဝေ ပေးလိုက် ရပါတယ်။
source www.work.com.mm

https://www.facebook.com/KnowledgeOfManagement

Saturday, November 2, 2013

ကမ္ဘာ့ဘဏ်၏ အခြေပြစာရင်းတွင် မြန်မာအောက်ဆုံးက ပါဝင်နေ



မြန်မာနိုင်ငံဟာ ပြုပြင်ပြောင်းလဲ မှုတွေကြောင့် နာမည်ကောင်းရနေပေမယ့် ကမ္ဘာ့ဘဏ်က အင်္ဂါနေ့မှာထုတ်ပြန်ခဲ့တဲ့ စီးပွားရေးလုပ်ငန်းဆောင်ရွက်ရေးအခြေပြ နိုင်ငံများစာရင်းမှာ အောက်ဆုံးပိုင်းက ပါဝင်နေပါတယ်။

ကမ္ဘာ့ဘဏ်ကထုတ်ပြန်တဲ့ ကမ္ဘာမှာ စီးပွားရေးလုပ်ငန်းတွေ စတင်ဆောင်ရွက်ဖို့ အကောင်းဆုံးနဲ့ အဆိုးဆုံး နိုင်ငံများစာရင်းပါ နိုင်ငံပေါင်း ၁၈၉ နိုင်ငံထဲမှာ မြန်မာက အဆင့် ၁၈၂ မှာရှိပါတယ်။

မြန်မာရဲ့နောက်မှာ အီရီထရီးယား၊ ချတ်၊ ဆူဒန် စတဲ့နိုင်ငံတွေရှိပါတယ်။ ကမ္ဘာ့ဘဏ်က နှစ်စဉ်ထုတ်ပြန်နေတဲ့ Doing Business Report ခေါ် စီးပွားရေးလုပ်ငန်းဆောင်ရွက်ရေး အခြေပြနိုင်ငံများစာရင်းမှာ ပြုပြင်ပြောင်းလဲရေးတွေ ဆောင်ရွက်နေတာ နှစ်နှစ်လောက်ရှိပြီဖြစ်တဲ့ မြန်မာနိုင်ငံကို ဒီနှစ်ပထမဆုံးအကြိမ် ထည့်သွင်းဖော်ပြခဲ့တာပါ။

ကမ္ဘာ့ဘဏ်ရဲ့ စာရင်းမှာ စီးပွားရေး စတင်ဆောင်ရွက်တဲ့နေရာမှာ လွယ်ကူမှုအခြေအနေ၊ ခက်ခဲတဲ့အခြေအနေတွေ အပေါ်မုတည်ပြီး နိုင်ငံတွေကို အဆင့်သတ်မှတ်တာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်း စတင်ထူထောင်ဖို့၊ စရိတ်စက ကြီးမားလွန်းပြီး၊ လုပ်ငန်းထူထောင်ဖို့ အဆင့်တွေကလည်း ခက်ခဲကြာမြင့်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ကုမ္ပဏီတစ်ခု မှတ်ပုံတင်ဖို့ ၇၂ ရက်လောက်ကြာမြင့်ပေမယ့် စင်္ကာပူနိုင်ငံမှာ သုံးရက်တောင်မကြာဘူးလို့ ဆိုပါတယ်။

ဒါ့ပြင် ဥပဒေဟောင်းတွေကို အသစ်တွေနဲ့ အစားထိုးရဦးမှာဖြစ်သလို လုပ်ငန်းကန်ထရိုက်ဆိုင်ရာကိစ္စတွေမှာလည်း တီမောနိုင်ငံထက် နည်းနည်းပဲသာတယ်လို့ စာရင်းမှာဖော်ပြထားပါတယ်။

From:RFA

နာမည်ကြီးပုဂ္ဂိုလ်တချို့နဲ့ လက်တွဲလိုက်တဲ့ မဇ္ဈိမ


မကြာသေးခင်က မြန်မာပြည်အတွင်း ပြန်လည် အခြေစိုက်လာသည့် မဇ္ဈိမသတင်းဌာနက အထင်ကရ ပုဂ္ဂိုလ်တချို့နှင့် ပူးပေါင်းပြီး   မီဒီယာလုပ်ငန်းကြီးတခုအဖြစ် ပြောင်းလဲကာ လုပ်ငန်းများတိုးချဲ့တော့မည်ဟု သိရသည်။



 မ
ဇ္ဈိမက မီဒီယာဂရု(ပ်)အဖြစ် ပြောင်းလဲဖွဲ့စည်းကြောင်း မိတ်ဆက်သည့် အခမ်းအနားကို  ကြာသပတေးနေ့က ရန်ကုန်တွင် ပြုလုပ်ခဲ့သည် (ဓာတ်ပုံ - ထက်နိုင်ဇော်/ဧရာဝတီ)
မဇ္ဈိမမီဒီယာဂရုတွင် ပါဝင်မည့် ရှယ်ယာရှင်ကြီး ၃ ဦးမှာ မြန်မာ့စီးပွားရေးလောကတွင် ထင်ရှားသည့် မစ္စတာ ဆာ့ခ်ျပန်း ခေါ် ဦးသိမ်းဝေ၊ မြန်မာတိုင်းမ်ဂျာနယ် တည်ထောင်ရာတွင် ပါဝင်သူ ဦးဆန်နီဆွေ၊ မဇ္ဈိမတည်ထောင်သူ ဦးစိုးမြင့်တို့ဖြစ်သည်။

မစ္စတာ ဆာ့ခ်ျပန်း - ညွှန်ကြားရေးမှူး  (Board of Director)
ဦးဆန်နီဆွေ - အမှုဆောင်အရာရှိချုပ် 
ဦးစိုးမြင့် - အယ်ဒီတာချုပ်

''ဒီလုပ်ငန်းတွေကို ကွာလတီရှိလာအောင် လုပ်မယ်။  နောက်ပြီးတော့ ကျန်တဲ့ လုပ်ငန်းတွေကိုလည်း ချဲ့တယ်။  မြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲရေးမှာ မီဒီယာလုပ်ငန်းလုပ်လို့ရတာ မှန်သမျှ အကုန်လုပ်ဖို့ ဆုံးဖြတ်ထားတယ်'' ဟု မဇ္ဈိမတည်ထောင်သူ အယ်ဒီတာချုပ် ဦးစိုးမြင့်က ဧရာဝတီသို့ ပြောသည်။
  • မစ္စတာ ဆာ့ခ်ျပန်း

ဘဏ်လုပ်ငန်းရှင်၊ ရင်းနှီးမြှပ်နှံသူ၊ စီးပွားရေးအင်အားတောင့်တင်းသူ မစ္စတာ ဆာ့ခ်ျပန်းသည် ရိုးမဘဏ်လီမိတက်၊ FMI အုပ်စုတို့တွင် ဥက္ကဋ္ဌတာဝန်ယူထားသည်။ 
 
 မစ္စတာ ဆာ့ခ်ျပန်း  
(ဓာတ်ပုံ - Simon Roughneen/ဧရာဝတီ) 
 

 (မစ္စတာ ဆာ့ခ်ျပန်း အကြောင်းကို  http://www.irrawaddy.org/us/pun-to-give-rivals-a-run-for-their-money.html တွင်လည်း ဖတ်ရှုနိုင်သည်)
  • ဦးဆန်နီဆွေ

တပ်မတော်ထောက်လှမ်းရေးအဖွဲ့ ထိပ်တန်းအရာရှိကြီးများနှင့်အတူ ဖမ်းဆီးခံရပြီးနောက် မကြာသေးခင်က ထောင်မှ ပြန်လွတ်လာသူ ဦးဆန်နီဆွေသည်  ဗိုလ်ချုပ်သိန်းဆွေ၏သား ဖြစ်သည်။

'' ကျနော် အကျဉ်းကျသွားတယ်။  အကျဉ်းကျသွားတဲ့ အခါမှာလည်း ကျနော်မီဒီယာ လုပ်ငန်းကိုပဲ အိမ်မက်မက်ခဲ့တာ။ 
ကျနော်ပြန်ထွက်လာပြီးတော့ မြန်မာတိုင်းမ်ကို ပြန်ဝင်ဖို့ကြိုးစားခဲ့ပါသေးတယ်။  
ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် မအောင်မြင်ခဲ့ပါဘူး။  အဲဒီအချိန်မှာပဲ မဇ္ဈိမနဲ့ ကျနော်တို့ ပူးပေါင်းဖို့ အခွင့်အရေး ရလာတဲ့ အခါမှာ ဒီအခွင့်အရေးကို ဘယ်လိုမှ လက်လွတ်လို့မရဘူး ဆိုပြီးတော့ ပေါင်းဖြစ်သွားတာပါ''ဟု ဦးဆန်နီဆွေက ဆိုသည်။

ဦးဆန်နီဆွေအကြောင်းကို ဧရာဝတီသတင်းတပုဒ်ဖြစ်သည့်မန်မာတိုင်းမ် ရှယ်ယာဝင်ဟောင်း ဦးဆန်နီဆွေ ပြန်လည် လွတ်မြောက် http://burma.irrawaddy.org/%E1%81%80_political-prisoners/2013/04/23/38046.html တွင် ဖတ်ရှုနိုင်သည်။

ဦးဆန်နီဆွေက သူ၏ မီဒီယာအိပ်မက်အကြောင်းကိုလည်း ရှင်းလင်း ပြောပြသည် -

'' ကျနော့်အိမ်မက်က ၉၇ ခုနှစ်ခုနှစ်ကတည်းက မန္တလေးနေ့စဉ်သတင်းစာကို Production တာဝန်ယူပြီး လုပ်ပေးလာတာ။  အဲဒီကနေပိုးဝင်သွားတာ။  တနေ့ကျရင်
ကိုယ်ပိုင်သတင်းစာတိုက် ထောင်နိုင်ရမယ်ဆိုတဲ့ ရည်မှန်းချက်အတွက် တစိုက်မတ်မတ် ကြိုးစားလာတာပါ။  ကျနော်ကတော့ ဒစ်ဂျစ်တယ် မီဒီယာကို Push လုပ်ချင်တယ်။  
ဘာလို့ဆိုတော့ နိုင်ငံတကာမှာလည်း Print က ကျဆင်းနေတယ်။  ဒစ်ဂျစ်တယ်ဘက်က အားသာလာတယ်ဆိုတော့ အဲဒီအပိုင်းမှာ ကျနော်က အထူးကြိုးစားပြီးလုပ်သွားမှာပါ။
 Multimedai ဆိုတဲ့အတွက် FM ရေဒီယိုလိုင်းတွေ၊ TV broadcasting တွေကိုလည်း ဇောင်းပေးပြီးတော့ လုပ်သွားမှာပါ'' ဟု ဦးဆန်နီဆွေက ဆိုသည်။
  • ဦးစိုးမြင့်

နိုင်ငံတွင်း  လုပ်ကိုင်ဆောင်ရွက်၍ ရသော မီဒီယာလုပ်ငန်းမှန်သမျှကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မဇ္ဈိမတည်ထောင်သူ ဦးစိုးမြင့်က ဧရာဝတီသို့ ပြောသည်။

''ဧရာဝတီ၊ မဇ္ဈိမတို့ ဒီဗွီဘီတို့လို Proxy နဲ့ ကြည့်ရတဲ့ ဝက်ဆိုဒ်တွေကို ဒီတိုင်းကြည့်လို့ရလာတယ်။  နိုင်ငံခြားမီဒီယာတွေကို ဖြေလျော့မှုတွေ ပေးလာတယ်။
 ဂျာနယ်တွေ လုပ်ခွင့်ပေးလာတဲ့  ၂ဝ၁၁ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာ အစည်းအဝေး လုပ်ပြီး မဇ္ဈိမက မြန်မာနိုင်ငံ အပြောင်းအလဲမှာ ငါတို့ဘာလုပ်မလဲလို့ ဆုံးဖြတ်တဲ့အခါမှာ  မြန်မာပြည်ကို ပြန်အခြေစိုက်ပြီးတော့ လုပ်မယ်လို့ ဆုံးဖြတ်ချက်ချလိုက်တယ်''ဟု ဦးစိုးမြင့်က ပြောသည်။  
 
 ဦးစိုးမြင့် (ဓာတ်ပုံ - ထက်နိုင်ဇော်/ဧရာဝတီ)
 

 မဇ္ဈိမမီဒီယာ ကုမ္ပဏီအမည်ဖြင့် သတင်းဝက်ဆိုက်နှစ်ခု၊ နေ့စဉ် သတင်းစာတစ်စောင်၊ အင်္ဂလိပ်ဘာသာဖြင့် စီးပွားရေး မဂ္ဂဇင်း၊ မြန်မာ့အသံတွင် အပတ်စဉ် စီးပွားရေး၊  အားကစား အစီအစဉ်များ ပြုလုပ်လျက်ရှိသည်။
 ဆက်လက်၍ အပတ်စဉ် အမျိုးသမီးရုပ်သံအစီအစဉ် ၊ အင်္ဂလိပ်ဘာသာဖြင့် နေ့စဉ်သတင်းစာ၊ ရုပ်မြင်သံကြား အစီအစဉ်  စသည့် ဖြစ်နိုင်ချေရှိသော မီဒီယာလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နိုင်ရန် စဉ်းစားနေကြောင်း သိရသည်။

'' ဘယ်လောက်ရင်နှီးမြှပ်နှံထားလဲ ဆိုတာတော့ ကုမ္ပဏီအတွင်းရေးမို့လို့ ပြောလို့မရပါဘူး။  မီဒီယာတခုလုပ်ဖို့ လိုအပ်တဲ့ ရင်နှီးမြှပ်နှံမှုအတွက် လိုအပ်တဲ့ငွေ ကျနော်တို့  ထူထောင်ထားပါတယ်'' ဟု  ဦးစိုးမြင့်က ပြောသည်။ 
From: ဧရာဝတီ